ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

17_ Pic_ 04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် (၁၀-၁၀-၂၀၁၉) ရက်နေ့၌ ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသောအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေကျပ် (၁၀၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေကျပ်(၁၈,၉၀ဝ) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၈,၉၀ဝ) ကျပ်တို့ကို လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကမ်းပြိုဘေး သင့်ပြည်သူများလက်ဝယ်သို့အရောက် (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_rbe
#ayy_oct2019

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events