လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

17_Pic_01

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကန်ချောင်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာ၌ (၁၀-၁၀-၂၀၁၉) ရက်နေ့ (၁၇:၀၀) အချိန်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သရက်ပင်ပြိုလဲကျရာ နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ၎င်းဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၀) မျိုးနှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်တို့ အား (၁၇-၁၀-၂၀၁၉) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_oct2019

Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events