အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပမှုသတင်း

 ayy_pyhar Pone

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၁၈) ရက်နေ့တွင် ခရိုင်အဆင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ဖျာပုံမြို့ ဆရာဇော်ဂျီစာကြည့်တိုက်ခန်းမတွင်ကျင်းပခဲ့ရာ အဖွင့်အမှာစကားကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက ဖတ်ကြားခဲ့ကာ NGOအဖွဲ့မှ ဖျာပုံခရိုင်အတွင်း သဘာဝဘေးလုပ်ဆောင်နေမှုများရှင်းလင်း ပြောကြားခဲ့၍ အခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ NGO၊ INGOများ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr

#ayy_oct2019

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events