မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

23_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၁၉) ရက်နေ့ တွင်ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာအုပ်စု၊ ဒုံဇရစ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀) ကျပ်၊ တစ်စိတ် တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ ဘေးသင့် အိမ်ထောင်စု (၂) စု မှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၄၇၀၀) ကျပ်နှင့် ပျက်စီးနေအိမ်အတွက်ထောက်ပံ့ရေးပစ္စည်း (၁၉) မျိုး(၁) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်အတွက်ထောက်ပံ့ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာတို့အား (၂၃-၁၀-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#bgo_oct2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events