မိုးကြိုးဘေးနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

23_Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အသရော်ကျေးရွာအုပ်စု၊ အသနော်ကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်ကိုလည်းကောင်း၊ လေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံးရှိ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ(၇)စာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-)ကျပ်ကိုလည်းကောင်း (၂၃-၁၀-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_tls

#ha_sgw

#bgo_oct2019

Source:           ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events