လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

23_Pic_01

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာတွင် ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၃)လုံးနှင့် ဇီးပင်ကျေးရွာအုပ်စု၊ ဇီးပင်ကျေးရွာတွင် အမိုးလန်နေအိမ် (၁) လုံး ပြိုလဲပျက်စီးခဲ့ရာပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံးနှင့်ဘေးသင့်လူဦးရေ (၂၃) ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈,၃၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံငွေ (၁၄၈,၃၀ဝ/-) ကျပ်တိတိအား (၂၃-၁၀-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ထိန်ကုန်းကျေးရွာ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_oct2019

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events