လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

23_Pic_02

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ ငါးကယ်ကျေးရွာအုပ်စု၊ ငါးကယ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုလဲပျက်စီးခဲ့ရာ၊ ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံးနှင့် ဘေးသင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝ/-)ကျပ်၊  စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀ဝ/-) ကျပ်တိတိအား (၂၃-၁၀-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ငါးကယ်ကျေးရွာတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူတို့နှင့်အတူ ဘေး သင့်ပြည်သူများ၏ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။

#ha_sgw

#bgo_oct2019

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events