လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

23_Pic_03

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊မှက္ကတန်ကျေးရွာနှင့် တောင်ဇင်းကျေးရွာတို့ တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂) လုံး ပြိုလဲပျက်စီးခဲ့ရာ၊ ပြိုလဲနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ (၂၀၀,၀၀ဝိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံး (၂)ပုံး နှင့် ပြိုလဲနေအိမ် (၂) လုံးရှိ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀ဝ/-) ကျပ်တိတိအား (၂၃-၁၀-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီ အချိန်တွင် သာယာကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_oct2019

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events