သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃-၁၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့ (၁) ရပ်ကွက်၊ သာသနာ့ဗိမာန်တွင် အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအခမ်းအနား တွင် ဌာန၏ ဆောင်ရွက်နေမှုအ‌ခြေအနေများ၊ သဘာဝဘေးနှင့်ပတ်သက်၍ အမျိုးသမီးများအနေဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိစေရန် အသိပညာဗဟုသုတများရှိနေစေဖို့ သဘာဝဘေးနှင့်ပတ်သက်၍ အသိနှင့် သတိ အမြဲရှိစေရန် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာသူ/သား (၉၅) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_dec2019

Sign Up

Upcoming Events