ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း

 

4-12-2019

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၄-၁၂-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) ချိန်တွင် ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနရှိ Community Center အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သူ စုစုပေါင်း (၈၀) တက်ရောက်ခဲ့ပါသည်။အဆိုပါသင်တန်းကို (၄-၁၂-၂၀၁၉) ရက်နေ့မှ (၆-၁၂-၂၀၁၉) ရက် နေ့အထိ သင်တန်းသား (၃၀) ဉီးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံး(ဘစမ)

#ar

#krn_dec2019

 

 

Sign Up

Upcoming Events