မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

 

4-12-2019

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊မြောင်းမြခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် အိမ်မဲမြို့နယ်၊ မကျီးချောင်းကျေးရွာ အုပ်စု၊ ဝဲဒေါင့်ကျေးရွာတွင် (၃-၁၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့ သောအိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု(၂) စုစာ၊ လူဉီးရေ (၈) ဉီးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး၊ အိမ်ထောင်စု (၂) စုစာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀၀၀၀)၊ ဆန်ရိက္ခာရန်ပုံငွေကျပ် (၁၆၈၀၀)၊ စုစုပေါင်းရန်ပုံငွေကျပ် (၂၁၆၈၀၀) တို့အား ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဉီးစီးမှူးရုံး(ဘစမ)

#ha_fir

#ayy_dec2019

 

Sign Up

Upcoming Events