သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၉) ရက်နေ့ (၀၉:၀၀) အချိန်မှ (၁၀:၃၀) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း (၉၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး အကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့ သရုပ်ပြခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_dec2019

Sign Up

Upcoming Events