သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီမှ(၁၂:ဝဝ)နာရီအထိ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းကျေးရွာအုပ်စု၊ ကချင်းစံပြကျေးရွာ (အ.မ.က) ကျောင်းတွင် ကျေးရွာသူ/ကျေးရွာသား၊ ဆရာ/ဆရာမ ၊ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲအားပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး၏ ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များနှင့်မုန့်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sourceး မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_dec 2019

Sign Up

Upcoming Events