မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

8 _ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉)  ရက်နေ့ နံနက် (၄:၀၀)နာရီတွင် ဖျာပုံမြို့၊ ကနိကျေးရွာအုပ်စု၊ ကနိချောင်းဝကျေးရွာ၌ မီးဘေးဖြစ်ပွားမှုကြောင့် မီးဘေးသင့်အိမ်ခြေ (၇)လုံး၊ မီးတားအိမ်(၂)လုံးမှ အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၀၂၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀/-) ကျပ်၊ မီးတားအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ(၂)အိမ်ထောင်စုစာနှင့် လုံးဝပျက်စီး အိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၉)အိမ်ထောင်စာတို့ကို (၇-၁၂-၂၀၁၉) ရက်နေ့တွင် လွှတ်‌ကိုယ်စားလှယ်နှင့်အတူ‌ မီး‌ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fir

#ayy_dec2019

Sign Up

Upcoming Events