မုန်တိုင်းဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

9_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့၊ (၀၈:၀၀) နာရီချိန်မှ(၁၂:၃၀) နာရီချိန်အထိ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်း ကျေးရွာ အုပ်စု၊ ခမောင်းတုန်းကျေးရွာ၌ “မုန်တိုင်းဘေးအန္တရာယ်ဝဲသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအစီ အစဉ်”ကိုဆောင်ရွက်ခဲ့ပါသည်။ ယင်းဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်တွင် မုန်တိုင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ ( ဝါ၊ လိမ်၊ နီ၊ ညို၊ စိမ်း) အရောင်ကာလာအဆင့်များအလိုက် မိမိတို့ရရှိ လာသော သတင်းအချက်အလက်များမူတည်၍ မည်သို့လိုက်နာလုပ်ဆောင်ရမည်များကို ကြိုတင် ဆွေးနွေးသရုပ်ပြခဲ့ပြီးနောက် ပူးပေါင်းပါဝင်သူများမှ စနစ်တကျဆောင်ရွက်ခဲ့ရာ ပြည်နယ် အစိုးရ အဖွဲ့၊ စည်ပင်သာယာရေး/လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း (ငြိမ်း)၊ သံတွဲမြို့နယ်ဌာန ဆိုင်ရာများ / သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ (ထွေ/အုပ်)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ လဝက၊ စည်ပင်၊ မိုးဇလ၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သား စုစုပေါင်း (၂၅၂) ဦး ပူးပေါင်းပါဝင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

#simex_str
#rke_dec2019

Sign Up

Upcoming Events