ပြည်နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်း(BDMC)ဖွင့်ပွဲ ကျင်းပခြင်း

 

9_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ ပြည်နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်း(BDMC)ဖွင့်ပွဲ အခမ်းအနားအား (၉.၁၂.၂၀၁၉)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့ပညာရေးကောလိပ်ပညာညီလာခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ သင်တန်းသား(၅၀)ဦး၊ စုစုပေါင်းအင်အား(၈၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#mon_dec2019

Source:             မွန်ပြည်နယ်ဦးစီးမှုးရုံး (ဘစမ)

 

 

 

Sign Up

Upcoming Events