ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

 

9_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၂.၂၀၁၉)ရက်နေ့၊ (၁၀:ဝ၀)ချိန်မှ (၁၁:၃၀)ချိန်အထိ ဥတ္တသီရိမြို့နယ်၊ ဗိုလ်ရွေး(အ.ထ.က)စာသင်ကျောင်းတွင်် ကျောင်းသား/သူ စုစုပေါင်း (၂၀၀)ခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#npw_dec2019

Source:             ဉတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events