မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

 

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂ – ၁ – ၂၀၂၀ ) ရက်နေ့၊ (၂၀ : ၃၀) နာရီချိန်တွင် ရေဦးမြို့နယ်၊ မြင်းမြေကျေးရွာ၌  ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်တို့အား (၁၃ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၁၄ : ၃၀ )နာရီချိန်တွင် ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_fir

#sgg_jan2020

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events