အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း

 

13_pic_01JPG

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထို မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေ ရေး၊ ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိ‌စေနိုင်ရန်အတွက် (၁၃-၁-၂၀၂၀) ရက်‌နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် ကျိုက်ထိုမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှေ့၊ ဘူတာလမ်းဆုံ၌ မြေပြိုဘေးအသိ ပညာပေးဗီနိုင်းပိုစတာ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။

#mon_jan2020

Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events