ရေဘေးအတွက်ထောက်ပံ့မှုသတင်း

 

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉) ခုနှစ် အတွင်းရေဝင်ရောက်ခဲ့သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာမှ ကျောင်းသား /သူများအတွက် ကလေးကျောင်းဝတ်စုံ ကျား (၁၇) ထည် ၊ မ (၁၁) ထည်အားလည်းကောင်း ၊ရေဝေကျေးရွာမှ ကျောင်းသား / သူများအတွက် ကလေးကျောင်းဝတ်စုံ ကျား (၅၇) ထည်၊ မ (၃၇) ထည် အားလည်းကောင်း၊ ထုံးဖိုကျေးရွာမှ ကျောင်းသား / သူများအတွက် ကလေး ကျောင်းဝတ်စုံ ကျား (၁၂) ထည်၊ မ (၁၄) ထည်အားလည်းကောင်း၊ ဝင်းဖုန်းကျေးရွာမှ ကျောင်းသား (၁၀)ဦး အတွက် ကလေးကျောင်းဝတ်စုံ ကျား (၁၀) ထည်နှင့် ကော့လှိုင်ကျေး ရွာမှ ကျောင်းသား(၂၇) ဦး အတွက် ကလေးကျောင်းဝတ်စုံ ကျား (၂၇) ထည်အားလည်း ကောင်း၊ ( ၁၃ – ၁ – ၂၀၂၀ ) ရက်နေ့၊   ( ၁၃ : ၃၀ )နာရီအချိန်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူတို့နှင့် အတူ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mon_jan2020

Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events