Multi_ Purpose Shelter အဆောက်အဦဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း **************************

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်တွင် (၁၀၀’×၄၀’×၁၃’) Multi-Purpose Shelter အဆောက်အဦ (၁) လုံး ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားအား (၁၄-၁-၂၀၂၀) ရက်နေ့၊ (၀၉:၄၅) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဘီးလင်းမြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့် တင်ဒါအောင်မြင်သည့် SHAP ကုမ္ပဏီမှ အင်ဂျင်နီယာချုပ်တို့ တက်ရောက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ကျင်းပခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဘီးလင်းမြို့နယ်မှ ဌာနဆိုင်ရာအရာရှိများနှင့် SHAP ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ ကြပါကြောင်း သတင်းရရှိပါသည်။

Source:       မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#otr

#mon_jan2020

Sign Up

Upcoming Events