သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

16 _ Pic _ 01 16 _ Pic _ 02

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင် ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)ချိန်မှနေ့လည် (၁၂:၀၀)ချိန်ထိ ကော့ကရိတ်မြို့နယ်ရှိ အမှတ်(၈)အမကမူလွန်ကျောင်း၌ ဆရာ၊ဆရာမများနှင့်ကျောင်းသား/သူ စုစုပေါင်း(၁၂၀)ဉီးတို့ကို စီးဌာန၏လုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများနှင့် သဘာဝဘေးဖြစ်ပွားလာ ပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ မိုးကြိုးဘေးဖြစ်ပွားလာပါက မည်သို့ပြုမူနေထိုင် ရမည်ကိုပါ သရုပ်ပြဆောင်ရွက်စေခြင်းဖြင့် အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ထိုဟောပြောပွဲ၌ ဘေး (၈)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများအတွက် ဗလာ စာအုပ်များကိုလည်း တာဝန်ခံကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#ar
#krn_jan2020
 
 
Source: ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events