ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပမှုသတင်း

 

16_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀) ရက်နေ့တွင် ပြည်ထောင်စု/တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက် သော မကွေးတိုင်းဦးစီးမှူးရုံးနှင့် သိုလှောင်ရုံဆောက်လုပ်ခြင်းအတွက် ( ၀၉ : ၃၀ ) အချိန် ၌လည်းကောင်း၊ မကွေးတိုင်းဦးစီးမှူးရုံး (၄) ခန်းတွဲ၊ (၂ )ထပ် ဝန်ထမ်းအိမ်ရာဆောက် လုပ်ရန်အတွက် ( ၀၉ : ၄၅ ) အချိန်၌ ပန္နက်တင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး၊ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်တို့နှင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီ (၂) ခုမှ တာဝန်ရှိသူများတက် ရောက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါ သည်။

#mgy_jan2020

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events