သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

16 _ Pic _ 03 16 _ Pic _ 04

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဉီးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီချိန်မှ(၁၅:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာရှိ ရေကျော်ကြီး အလက(ခွဲ)ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၃၀) ဉီးတို့အား ဉီးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ထောက်ပံ့နှုန်းထားများနှင့် သဘာဝဘေးဖြစ်ပွား လာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသိပညာပေးဟော ပြောခဲ့ပြီး သရုပ်ပြဆောင်ရွက်စေခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲကို မီးသတ်ဉီးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် တက်ရောက်လာကြသော ကျောင်းသား/သူများအတွက် ဗလာစာအုပ်များကိုလည်း ကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#ar
#krn_jan2020
 
 
Source: ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events