သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

16_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၁.၂၀၂၀)ရက်နေ့ နံနက် (၁၀:ဝဝ)နာရီ မှ (၁၁:၃၀)နာရီ အထိ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းအာခါကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမ၊ ကျောင်း သား၊ ကျောင်းသူနှင့် ကျေးရွာသူကျေးရွာသား စုစုပေါင်း (၅၀) ဦး အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများ ဆိုင်ရာ အသိပညာပေးဟောပြောပွဲအားပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈)မျိုး ဆောင်ရန် ရှောင်ရန်များ၊ ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_jan2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events