သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ ဖလမ်းမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း(လုံပီး)၌ ဆရာ/မ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၆၀)ဦးခန်းကို သဘာဝဘေးအန္တရာယ် များဆိုင်ရာ ရှောင်ရန်/ဆောင်ရန် အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများထဲမှ ကျောင်းသား/သူများ၏ သိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး မေးခွန်း အမေး အမြန်းများပြုလုပ်ခြင်း၊ မေးခွန်း(၅)ခုမှ အဖြေမှန်သူ(၄)ဦးအား စာအုပ်၊ ဘောလ်ပင်ဆုချီးမြှင့်ခြင်း၊ ဘေး(၆)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

# chn_ jan 2020

Sign Up

Upcoming Events