သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူအများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာတိုးပွားစေရန် ရည်ရွယ်ပြီး အများပြည်သူများမြင်တွေ့နိုင်သောလမ်းဆုံ လမ်းခွနေရာများဖြစ်သည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၊ ဒွာရာဝတီမြို့ဦးတံတားအဝင်၊ ခရိုင်အား/ကာရုံးရှေ့ဘက် ကားလမ်းမကြီးဘေး၌ မီးဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်နှင့် ငပလီဘက်မှသံတွဲမြို့အဝင်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးရှေ့ဘက် ကားလမ်းမကြီးဘေး၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ် (၂)ခုတို့အား (၁၇-၁-၂၀၂၀)ရက်နေ့တွင် သွားရောက်စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#rke_ jan2020

Sign Up

Upcoming Events