မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၂၀) ရက်နေ့တွင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ နောင်ဆွမ်းကျေးရွာအုပ်စု၊ နောင်ဆွမ်းရွာမ၊ နောင်ဆွမ်းဘုန်းကြီးကျောင်း၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့် ဘုန်းကြီးကျောင်း(၁) လုံး၊ သံဃာတော် ဦးရေ (၃၀) ဦးအတွက် ဆွမ်းရိက္ခာ(၇) ရက်စာထောက်ပံ့ဖိုးငွေ (၆၃၀၀၀/-)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဉူးဇင်း(၅)ပါး သင်္ကန်း(၅)စုံ တန်ဖိုးငွေ(၆၅၀၀၀/-)ကျပ်၊ ကိုရင်(၂၅)ပါးသင်္ကန်း(၂၅)စုံ တန်ဖိုးငွေ(၂၂၅၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ဖိုးငွေ (၆၅၃၀၀၀/-)ကျပ်အား (၁၈-၁-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#shn_jan 2020

Sign Up

Upcoming Events