သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

19_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် မိုးမိတ်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ကွမ်းတောအင်းကျေးရွာနှင့် မွန်းလွဲ(၁၃:၀၀)နာရီတွင် ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာတို့ရှိ ကျေးရွာနေပြည်သူလူထုများ အား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဉီးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုနှုန်းထားများ၊ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်/ရှောင်ရန်များနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ကွမ်းတောအင်းကျေးရွာတွင် တက်ရောက်သူဉီးရေ (၁၀၀)ဉီးခန့်နှင့် ပဒါန်း ကျေးရွာတွင် (၇၅)ဉီးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_jan2020

Sign Up

Upcoming Events