ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေ ကျေးရွာအုပ်စု၊ ခမွေချောင်း(ခမီး)ကျေးရွာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရကျောင်းသား၊ ကျောင်းသူများအား သွားရောက်ထောက်ပံ့မှုသတင်း

၁၄ ဖေဖော်ဝါရီ၊ နေပြည်တော်

၁။       (၁၃-၂-၂၀၂၀)ရက်နေ့၊ (၀၈:၄၅)နာရီတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေ ကျေးရွာအုပ်စု၊ ခမွေချောင်း(ခမီး)ကျေးရွာရှိ အမက(လွန်)ကျောင်းတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် စာသင်ကြားနေ သော ကျောင်းသား/သူ(၁၇)ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါဒဏ်ရာရ ကျောင်းသား/သူ (၁၇)ဦးအနက် မခင်မေဦး (၁၁)နှစ်နှင့် မနီခိုင်(၉)နှစ်တို့(၂)ဦးမှာ ဒဏ်ရာရရှိမှုများပြားသဖြင့် ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ်လည်းကောင်း၊ ကျန်ဒဏ်ရာ ရရှိသူကျောင်းသား/သူ(၁၅)ဦးမှာ ဂန္ဓာရီ(ပရဟိတ)ကျောင်းတွင် တည်းခိုနေထိုင်၍ ပြင်ပလူနာအဖြစ် လည်းကောင်း ဆေးကုသမှု  ခံယူလျက်ရှိပါသည်။

၂။         လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ ဒဏ်ရာရရှိသူ ကျောင်းသား/သူ (၁၇)ဦးအတွက်  တစ်ဦးလျှင်(၅၀,၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၈၅၀,ဝဝဝိ/-)နှင့် ကျားလုံချည် (၁၀)ထည်၊ မလုံချည်(၇)ထည်၊တီရှပ်(၃၄)ထည်၊ ခြင်ထောင်(၁၇)လုံး၊ စောင်(၁၇)ထည်၊ ဆပ်ပြာ (၁၇)တောင့်၊ တဘက်(၁၇)ထည်တို့အား မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့နှင့်အတူ (၁၃-၂-၂၀၂၀)ရက်နေ့နှင့် (၁၄-၂-၂၀၂၀)ရက်နေ့များတွင် သွားရောက် ထောက်ပံ့ခဲ့ပြီး ဒဏ်ရာရကျောင်းသား/သူများနှင့် ၎င်းတို့၏ မိသားစုများအား စိတ်လူမှုရေးဆိုင်ရာ နှစ်သိမ့်အားပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

Source: MOSWRR

#ha_otr
#npw_feb 2020

 

Sign Up

Upcoming Events