ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပမှုသတင်း

 

15_Pic_02 15_Pic_03

ဖေဖော်ဝါရီ ၁၄ နေပြည်တော်

ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးစိုးအောင်က တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက ယနေ့ဆွေးနွေးပွဲသည် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်နို်ငစေရန်အတွက်  ယခုကဲ့သို့ လာရောက်ဆွေးနွေး ဟောပြောပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိပြီး တိကျစွာလိုက်နာဆောင်ရွက်ဖို့လိုကြောင်း၊ ရုံးတက်ရုံးဆင်းချိန်များတွင် အမြန်ရောက်လိုဇောဖြင့် လမ်းပြောင်းပြန်မောင်းခြင်း၊ ကျော်တက်ခြင်းများအား မပြုလုပ်ကြရန်လိုကြောင်း၊ ဖယ်ရီယာဉ်များ ရုံးသို့ အချိန်မီရောက်ရှိအောင် ယာဉ်စထွက်သည့်နေရာမှ ကြိုတင်ထွက်သင့်ကြောင်း၊ အမြန်လို၍မောင်းနှင်ပါက အန္တရာယ်ရှိကြောင်း၊ ယာဉ်မောင်း၏ လက်ထဲတွင် ဝန်ထမ်းများ၏ အသက်များကို အပ်နှင်းထားရသဖြင့် စည်းကမ်းတကျ မောင်းနှင်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်စဉ်များရှိခဲ့ပြီး နောင်မဖြစ်ပွားစေရေး အထူးဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုဟောပြောပွဲပြီးနောက်ပိုင်းမှာ ဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပိုမိုသိရှိထားပြီးဖြစ်သည့်အတွက် အထူးဂရုပြုလိုက်နာဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ အမှတ်(၁) ယာဉ်ထိန်းတပ်ဖွဲ့ခွဲ နေပြည်တော်မှ ဒုရဲအုပ် ဌေးလွင်(ခ) နေမျိုးသူရက ရှင်းလင်းဟောပြောရာ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရန် အချက်များ၊ စည်းကမ်းဖောက်ဖျက်မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှု အခြေအနေများ၊ ယာဉ်မောင်းလိုင်စင် အမျိုးအစား(၁၁)မျိုးနှင့် ပတ်သက်၍ သိရှိရမည့်အချက်များ၊ ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်သတ်မှတ်ချက်များ၊ ယာဉ်အမျိုးအစားအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားဆောင်ရွက်ရန် သတ်မှတ်ချက်များကို ဆွေးနွေးပြောကြားပြီး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာနိုင်ရေးအတွက် ဗွီဒီယိုမှတ်တမ်းများနှင့်တကွ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့်ဝန်ထမ်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ  မေးခွန်များအား ပြန်လည်မေးမြန်းဆွေးနွေးပြီး ဆိုင်ကယ်ဦးထုပ်နှင့် အသိပညာပေး အိပ်ဆောင်စာအုပ်များ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#npw_feb 2020

Source: MOSWRR

 

Sign Up

Upcoming Events