သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့ နံနက်(၁၁း၀၀)အချိန်မှ(၁၂း၀၀)အချိန်ထိ အထက(၁)ကျောက်ဖြူမြို့၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ(၅၀၀)ဦးခန့်အားလည်းကောင်း၊ နေ့လည်(၁၃း၃၀)အချိန်မှ (၁၄း၃၀)အချိန်ထိ အထက(၂)ကျောက်ဖြူမြို့၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၃၅၀)ဦးခန့်အားလည်းကောင်း၊ ညနေ(၁၅း၀၀)အချိန်မှ(၁၆း၀၀)အချိန်ထိ အမက(မူလွန်) ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၈၀)ဦးခန့်တို့ကို သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၉၃၀)ခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#rke_feb 2020

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events