ထောက်ပံ့သတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၂-၂-၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာအုပ်စု၊ သဗြုချောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် တစိတ်တပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ
(၂၁ဝဝဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၄၁၀၀၀/-)ကျပ်ကို (၁၄-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_feb 2020

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events