School Cum Shelter တည်ဆောက်မှုအခြေအနေအား ကွင်းဆင်စစ်ဆေးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ သပြုကုန်း‌ကျေးရွာအုပ်စု၊ရေဝေကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု‌ကော်မတီ၏ ရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော ဘန်သိန်း Co. Ltd ၏ School Cum Shelter တည်ဆောက်ခြင်း (၁၀၀%) တည်ဆောက်ပြီးစီးမှုအခြေအနေနှင့်ရွေးကျေးရွာအုပ်စု၊ဂွေးချောင်းကျေးရွာမှ School Cum Shelter တည်ဆောက်ခြင်း (၇၅%) တည်‌ဆောက်ပြီးစီးမှုအ‌ခြေအနေအား မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ လွှတ်‌ေတာ်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများနှင့်အတူ (၁၅-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ayy_feb 2020

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events