မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

 

18_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၁၆-၂-၂၀၂၀)ရက်နေ့ ၊ (၂၁၄၅)အချိန်၌ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဝင်းဖရကျေးရွာအုပ်စု၊ တောင်ပလောင်ကျေးရွာအပိုင်းတွင် ပျဉ်ကာ၊ပျဉ်ခင်း ၊ သွပ်မိုးနေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူ(၂)ဦး သေဆုံးခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် သေဆုံးသူ(၂)ဦးအတွက် ထောက်ပံငွေ (၆၀၀၀၀ဝိ/-)နှင့် အိမ်ထောင်စု(၁)စု ၊ လူဦးရေ(၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု (၁)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၄၂၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀ဝိ/-)၊ စုစုပေါင်း(၈၀၄၂၀ဝိ/-)အား (၁၈-၂-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir

#krn_feb2020

Source:           ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events