မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

18_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆပ်သေကျေးရွာအုပ်စု၊ ဘုရားကြီးဒေါင့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၅)ပုံး/(၁၆) မျိုးပါ (၂)ပုံး တန်ဖိုး (၂၇၆၄၇၁/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀ဝ/-)ကျပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂၅၀ဝ/-) ကျပ်၊ စုစု ပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၇၅၂၅၀ဝ/-)ကျပ်တို့အား (၁၈-၂-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ayy_feb2020

Sign Up

Upcoming Events