သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

 

18_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ရေးမြို့နယ်၊ အဘေကျေးရွာအုပ်စု၌ အဘော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် (၁၈.၂.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀)နာရီအချိန်အထိ ကျေးရွာသူ/သား (၈၀) ဦးခန့်ကို သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေဆိုင်ရာများ‌ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် မုန့်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ar

#mon_feb2020

Source:           ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events