သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင်ပွဲကျင်းပမှုသတင်း

18_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၀) အား သင်တန်းသား/သူ (၆၉)ဦးဖြင့် ခင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၈-၂-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ရာ ခင်ဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ သင်တန်း ဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဉီးက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၈-၂-၂၀၂၀) ရက်နေ့မှ (၂၀-၂-၂၀၂၀) ရက်နေ့ထိ (၃) ရက်တာဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_feb2020

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events