သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရသီရိခရိုင် ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀)အချိန်မှ (၁၅:၀၀)အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ ရွှေလီလမ်း၊ ခေါင်းလောင်းသံ မူကြိုကျောင်းတွင် ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦးကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw_feb 2020

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events