မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

18_pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့၊ မွန်းတည့် (၁၂:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ဘုရားနီလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ ငွေ(၃၁၈၉၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၂)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ် စတစ်ပုံး(၂)ပုံးတို့အား (၁၈-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#bgo_feb2020

 

Sign Up

Upcoming Events