ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပေါင်မြို့နှင့်မော်လမြိုင်မြို့များတွင် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုအကျိုးပြုကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်

23_Pic_01
ဖေဖော်ဝါရီ ၂၂ ၊ မော်လမြိုင်
ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေနေ ရာလှူဒါန်းခြင်း အခမ်းအနားကို ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ဒေသခံများ၊ ရှေးဦးအရွယ်ကလေးငယ်များနှင့် မိဘများတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးများ ဖွံ့ဖြိုးတိုးတက်မှုသည် မိသားစုအတွက်သာမက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အရေးပါပါကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုဆိုရာ၌ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ခန္ဓာသန်စွမ်းကျန်းမာမှုနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုကို ဆိုလိုပါ ကြောင်း၊ အနာဂတ်မှာ နိုင်ငံ့တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ကြမည့် ယခုရှေးဦးအရွယ် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ရေရှည်မျှော်မှန်းလျက် စီမံချက် များ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုပူးပေါင်းပါဝင် ရန်လိုအပ်ပါကြောင်း၊ ပြည်သူလူထု၏ဆန္ဒနှင့်ကိုက်ညီခြင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုရှိခြင်း နှင့် လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများကို တန်းတူညီမျှရရှိရေး ဖော်ဆောင်ပေးနိုင်ခြင်းတို့ သည် စစ်မှန်သောဒီမိုကရေစီကို အကောင်အထည်ဖော်ရာတွင် အရေးပါသောဆောင်ရွက်ရန်များ ဖြစ်ပါကြောင်း၊ ယခုလို ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန် အတွက် မြေနေရာလှူဒါန်းပေးခြင်းသည် ပြည်သူက ပြည်သူ့လိုအပ်ချက်ကို အစိုးရနှင့်ပူးပေါင်းဖြည့် ဆည်းပေးခြင်းဖြစ်ပါကြောင်း၊ ယခုလိုမြေနေရာရရှိလာပြီဖြစ်တဲ့အတွက် အဆိုပါ မြေနေရာကို ဒေသခံကလေးသူငယ်များအကျိုးအတွက် အကောင်းဆုံးအသုံးချနိုင်ရေး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် ကလေးသူငယ်များ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်ကာလတွင် အကောင်းဆုံးရင်းနှီးမြှုပ်နှံခြင်းပြုကြရန် တိုက်တွန်းလိုပါကြောင်း ပြော ကြားခဲ့ပါသည်။
ထို့နောက် မြေနေရာအလှူရှင်ဦးမြင့်လွင်က လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံသို့ မြေနေရာနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်လှူဒါန်းခြင်း၊ အလှူရှင် အား ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခြင်းနှင့် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက မြေနေရာလှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျေးရွာတွင် နေ့ကလေးထိမ်း နေရာအဖြစ် ဆောင်ရွက်ရန် မိခင်ဝိုင်း(၁)ဝိုင်း ဖွင့်လှစ်နိုင်ရေး ထောက်ပံ့ငွေကို ပေးအပ်လှူဒါန်းခဲ့ပြီး ကလေး သူငယ်များကို ကစားစရာများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊မော်လမြိုင်မြို့ ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင်ပြုလုပ်သည့် မော်လမြိုင်မြို့နယ်၊ ကော့စိန် ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် လက်တူးတွင်း(၃)တွင်း တူးဖော်ဆောင်ရွက်နိုင်ရန် အတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ပညာရေးနှင့် ကျန်းမာရေး တို့သည် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ တူညီသောလိုအပ်ချက်များဖြစ်ပါကြောင်း၊ ယခု ကော့စိန် ကျေးရွာတွင် သောက်သုံးရေရရှိရေး လက်တူးတွင်း(၃)တွင်း လှူဒါန်းမှုသည် ပြည်သူ့ဆန္ဒနှင့်အညီ ဖြစ်ပေါ်လာသောအစိုးရ၏ ပြည်သူ့လိုအပ်ချက်ကို လက်တွေ့ ဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကော့စိန်ကျေးရွာပြည်သူများထံသို့ လက်တူးတွင်း (၃) တွင်း တူးဖော်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၄,၄၄၀,၀၀၀ (လေးဆယ့်လေးသိန်းလေးသောင်း တိတိ) ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံပြည်သူများက လက်ခံပြီး၊ ကိုယ်စားလှယ် တစ်ဦးက ၎င်းတို့ကျေးရွာတွင် နွေရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသော သောက်သုံးရေရှားပါးမှု ပြဿနာ များကို အစိုးရက ဖြေရှင်းဆောင်ရွက်ပေးခြင်းအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ပြန် လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#mon_feb2020
Source: MOSWRR

Sign Up

Upcoming Events