မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ်ဆောင်ရွက်မှုသတင်း

23_Pic_01 23_Pic_02 23_Pic_03 23_Pic_04
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ရဟိုင်ကူးတို့ ကျေးရွာ၌ (၂၀-၂-၂၀၂၀)ရက်နေ့၊ (၈:၀၀)နာရီချိန်မှ (၁၁:၃၀)နာရီချိန်အထိ “မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်မှု အစီအစဉ်” ကို ဆောင်ရွက်ခဲ့ရာ ယင်းဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍( ဝါ၊လိမ်၊ နီ၊ ညို၊ စိမ်း)အရောင်ကာလာအဆင့်များအလိုက် မိမိတို့ရရှိလာသော သတင်းအချက်အလက်များမူတည်၍ မည်သို့လိုက်နာလုပ်ဆောင်ရမည်များကိုကြိုတင်ဆွေးနွေးသရုပ်ပြခဲ့ပြီးနောက် ပူးပေါင်းပါဝင်သူများမှ စနစ်တကျ ဆောင်ရွက်ခဲ့ရာ မြို့နယ်ဌာနဆိုင်ရာများ/ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ (ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ လူဝင်မှုကြီးကြပ်ရေး၊ ကျေးလက်၊ မိုးဇလ၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ)၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သား စုစုပေါင်း (၄၅၀)ဦး ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
#simex_str
#rke_feb2020
Source:သံတွဲခရိုင်ဉီးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events