နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့‌ပေးမှုသတင်း

23_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ပြည်နယ်အဆင့်၊ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ကြက်ခြေနီအသင်းတို့နှင့်အတူ(၂၂-၂-၂၀၂၀) ရက်နေ့တွင် ဆဒုံးမြို့၊ ဆနာကျေးရွာနေ ဦးနော့တား လှူဒန်းသည့်မြေနေရာ အကျယ် (၄.၅) ဧကခန့်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် တည်ဆောက်ပေးသော တန်ဖိုးနည်းအိမ်ရာ (၁၈×၂၄×၁၂)ပေ အလုံး(၄၀)သို့ ပြောင်းရွေ့သောတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၈)စု၊လူဦးရေ (၂၄၁) ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ စားနပ်ရိက္ခာ (၁)လစာ တန်ဖိုးငွေ (၂,၇၇၄,၂၇၅)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ကယ်ဆယ်ရေး(၁၇)မျိုးပါ family kit (၃၈)ပုံး တန်ဖိုးငွေ (၁,၅၃၃,၄၁၄) ကျပ် ၊ အိမ်ထောင် (၁) စုလျှင်ပြောင်းရွှေ့စရိတ်(၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃,၈၀၀,၀၀၀) ကျပ် ၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၈,၁၀၇,၆၈၉) ကျပ်အားလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှုးက ဆေးစိမ်ခြင်ထောင်များနှင့် ပြည်နယ်ကြက်ခြေနီ အသင်းက Hygiene kit များဖြင့် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ရွှေ့ပြောင်းနေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများကိုယ်စား ဦးဂူဝူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများသည် ပြောင်းရွှေ့နေထိုင်သည့်တိုက်ပွဲရှောင်ပြည့်သူများအားလိုက်လံနှုတ်ဆက်ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#kcn_feb2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
 

Sign Up

Upcoming Events