မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

23_Pic_01
ပြည်ထောင်နယ်မြေ၊ နေပြည်‌တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ စစ်တောင်း(၁၂)လမ်း၊ အကွက်အမှတ် (၂၁၇၄၉) ၌ (၂၂-၂-၂၀၂၀) ရက်‌နေ့ (၁၄:၁၈)အချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးလူနေအိမ်(၁)လုံအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၀,၅၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၂၁၀,၅၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး(၁)အိမ်ထောင်စုစာတို့အား ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၂.၂၀၂၀)ရက်နေ့ (၁၅:၁၅)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံခဲ့ကြောင်း သိရှိရပါ သည်။
#ha_fir
#npw_feb2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events