လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လပွတ္တာမြို့ နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ဓနိဆိပ်ကျေးရွာတွင် ဘန်သိန်းကုမ္ပဏီ၏ School Cum Shelter တည်ဆောက်ခြင်း (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား မြို့နယ်တည်ဆောက် ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများနှင့်အတူ (၂၃-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။
#ayy_feb2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)