မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

23_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် မီးကျွင်းမီးကျန်မှ ဓနိကာထားရာသို့မီးကူးစက်ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ် (၁၈) လုံးမီးလောင်ဆုံးရှုံးခဲ့ရာ၊ အိမ်ထောင်စု (၁၈) စု မှလူဦးရေ (၇၂) ဦးတို့ မီးဘေးသင့်ခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၈) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈,၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၇၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပ့ငွေ (၁,၅၁,၂၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉,၅၁,၂၀ဝ) ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။

#ha¬¬_fir
#ygn_feb2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events