လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

28_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလတွင် ဖြစ်ပွားတတ်သော လေပြင်းဘေးများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့ပါးစေရန် ရည်ရွယ်၍ မိုးညိုမြို့နယ်အတွင်း ကြံ့ခိုင်မှုအားနည်းသောနေအိမ်များအား ပိုမိုတောင့်တင်း ခိုင်မာလာစေရန် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈-၂-၂၀၂၀)ရက်နေ့တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လကုန်အစည်း အဝေး၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ရာ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr_sgw

#bgo_feb2020

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events