မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

28_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၂၀) ရက်နေ့၊ (၀၂:၄၀) နာရီချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်(၂)လမ်း၌ လျှပ်စစ်မီး ဝါယာရှော့ဖြစ်ရာမှ မီးကူးစက်မီးလောင်ကျွမ်းခဲ့ရာ နေအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၄)စု မှလူဦးရေ(၁၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၄)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၂၇,၃၀ဝ/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ (၂၈-၂-၂၀၂၀)ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#krn_feb2020

Sign Up

Upcoming Events