လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

25_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဘုံသာရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံးပေါ်သို့ အုန်းပင်ပြိုလဲကျပျက်စီးခဲ့ရာ အဆိုပါ အိမ်ထောင်စုမှ အသက် (၁၈) နှစ်အထက် ကျား (၁) ဦး၊ မ (၁) ဦး၊ အသက်(၁၈)နှစ်အောက် မ (၂)ဦး၊ စုစုပေါင်း လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၄-၃-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#tny_mar2020

Sign Up

Upcoming Events