သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

25_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၃-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးလယ်ကျေးရွာနှင့် ကေးလျားကျေးရွာအုပ်စု၊ ဒေါဗျားကူးကျေးရွာတို့၌ သောက်သုံးရေ ဂါလံ(၁၄၀၀)စီ ကိုလည်းကောင်း၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာနှင့် မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာတို့၌ သောက်သုံးရေဂါလံ(၃၂၀၀)စီတို့ကို လည်းကောင်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg

#kyh_mar2020

Source:           ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events